ဟိုတစ်နေ့က မေမေမိုးပျံပူဖောင်းလေးတွေ ၀ယ်လာတယ်။ လှပပြီး တစ်ခါမှမပိုင်ဆိုင်ဖူးလို့ သိပ်ကိုပျော်ရွှင်ခဲ့ရပါတယ်။ သူတို့ကို တစ်စိမ့်စိမ့်ကြည့်ရင်း ပျော်ရွှင်နေခဲ့ရတာကို သူတို့တွေမသိနိုင်ပေမယ့် ကျွန်မဆီကိုရောက်လာပေးခဲ့တဲ့အတွက် ကျေးဇူးတင်ရပါတယ်။...ဒါပေမယ့် တစ်ချို့ပူဖောင်းလေးတွေကတော့ ကျွန်မ မသိလိုက်ခင်မှာပဲ လေထဲကိုလွတ်သွားခဲ့ပါပြီ။... ပျော်ရွှင်စွာနဲ့ပျံတက်သွားတဲ့ သူတို့ကို ငေးပြီးကြည့်နေရုံ ၊ သူတို့အတွက်ဝမ်းသာပေးနေရုံ ကလွဲလို့လဲမတတ်နိုင်ခဲ့ဘူး...အင်း...လိုက်ဖမ်းလို့မှလဲ မဖြစ်နိုင်ပဲလေ...ကျွန်မဆီမှာ တစ်ချို့တော့ ကျန်နေသေးလေရဲ့... သူတို့ကိုလဲ တစ်နေ့နေ့တော့ လွှတ်လိုက်ရအုံးမှာပါပဲ...သူတို့ကိုယ်တိုင်ကိုက ပျံတက်ဖို့အတွက် ဖန်တီးခဲ့ရတာဆိုတော့...မလွှတ်ချင်ရင်တောင်...သတိမထားမိခင်မှာ လွတ်ထွက်သွားအုံးမှာ ပါပဲလေ...ဒါပေမယ့် ကျွန်မလေ ကလေးတစ်ယောက်လို ဆုတ်ကိုင်ထားဆဲပဲ...သူတို့လွတ်သွားမှာကိုလဲ စိုးရိမ်ဆဲပဲ... တစ်ချိန်ထဲမှာပဲ ကျွန်မတို့ကြားထဲက ကြိုးလေး တင်းလွန်းပြီး ပြတ်သွားမှာကိုလဲ စိုးရိမ်ဆဲပဲ...