I am not afraid of being alone but I am afraid of being lonely
I am not afraid of your anger but I am afraid of misunderstanding
I am not afraid of your screaming but I am afraid of your furious eyes
I am not afraid that you would hurt me but I am afraid that I might hurt you
I am not afraid of bad luck but I am afraid of coincidence
I am not afraid of giving to you but I am afraid that you would give me back
I am not afraid of having less time to love you but I am afraid of having less chance to love you......


------------- *********** ---------------


အနိုင်အရှုံးတွက်ချက်မထားတဲ့အချစ်တွေနဲ့ ကိုယ်တကယ်ချစ်ခဲ့တယ်..............
ဒီအပိုင်းမှာ ကျိုက်ထီးရိုးကို စတက်တဲ့အချိန်ကစပြီး အဲ့ဒီနေ့ညအထိ ကျွန်မတို့ရဲ့ အတွေ့အကြုံတွေပါဝင်မှာ ဖြစ်ပါတယ်...

------------------- ************* ------------------
(Adventure in ကျိုက်ထီးရိုးတောင်.....)(၂၄ရက် ၂လ ၂၀၀၉)

ရသေ့တောင်မှာ လူအတော်ရှုပ်ပါတယ်... ကားလိုင်းမျိုးစုံက တစ်နေရာထဲရပ်ကြတာမို့လည်းပါပါတယ်.... ကားပေါ်ကိုတက်တုန်းက စင်ပေါ်ကတက်ရတာမို့ လွယ်ပေမယ့် ဆင်းတဲ့အခါကြတော့ လှေကားကယိုင်နဲ့နဲ့မို့လို့ တော်တော်ကိုသတိထားပြီး ဆင်းရပါတယ်။ တောင်ဝှေး တို့ ဦးထုပ်တို့ရောင်းတဲ့သူတွေ၊ အထမ်းငှားတဲ့သူတွေကိုကျော်ပြီး ကြည့်လိုက်တော့ တောင်ကိုစတက်တဲ့လမ်း ကိုတွေ့ပါတယ်.... အရင်က ကားသွားတဲ့လမ်းမို့ ကွန်ကရစ်ခင်းထားပါတယ်... ကားနောက်မှာထားထားရတဲ့ ကျောပိုးအိပ်တွေကိုရွေးပြီးတဲ့အခါ ကိုယ့်ကျောပိုးအိပ် ကိုယ်လွယ်ပြီး တောင်ကို စတက်ကြပါတယ်....

အဲ့ကိုယ့်ကိုယ်ကို အထင်ကြီးစွာနဲ့ အထမ်းငှားမယ့်အကြောင်း မစဉ်းစားတဲ့ကျွန်မ... ပထမဆုံးအတက်ကွေ့ကို တက်ပြီးတဲ့အခါမှာတော့ မဖြစ်နိုင်ဘူးဆိုတာ သိလာပါတယ်.... :P အဲ့ဒါနဲ့ အနီးနားကအထမ်းလိုက်မယ့် အဒေါ်ကြီးတွေထဲက တစ်ယောက်ကို ၂၀၀၀နဲ့ငှားလိုက်ရပါတော့တယ်.... အရေးကြီးတဲ့ပစ္စည်းတွေကို ယူပြီးတဲ့အခါ အဒေါ်ကြီးက သူတောင်ပေါ်ကစောင့်နေမယ်ဆိုပြီး တက်သွားခဲ့ပါတယ်...သူ့အသက်နဲ့ယှဉ်ရင် တစ်ဝက်လောက်တောင်မရှိတဲ့ ကျွန်မ တော်တော်ကိုရှက်မိပါတယ်... တော်တော်ခံနိုင်ရည်ရှိတဲ့ငါပါလား ဆိုပြီးတော့ပေါ့.... :P

တောင်တက်လမ်းတစ်လျှောက်မှာတော့ အအေးဆိုင်တွေ၊ အကြော်ဆိုင်တွေနဲ့ ဒေသထွက်ကုန်အသီးအနှံတွေကို ရောင်းတဲ့ဆိုင်လေးတွေကို တွေ့ရပါတယ်... ပြီးတော့ တောင်တက်တောင်ဆင်း သွားနေကြတဲ့ ဘုရားဖူးတွေ၊ အထမ်းသမားတွေနဲ့ ဆောက်လုပ်ရေးပစ္စည်းတွေကို သယ်တဲ့ကားတွေကိုလည်းတွေ့ရပါတယ်...တစ်လမ်းလုံးကျွန်မလုပ်တဲ့ အလုပ်ကတော့ရေကိုအားတိုင်းသောက်တာပါပဲ....သူငယ်ချင်းတွေကတော့ သတိပေးပါတယ်...ရေသောက်ရင်မောတယ်တဲ့...ဒါပေမယ့် ကျွန်မရေကိုမသောက်ပဲမနေနိုင်ခဲ့ဘူး... မောလိုက်တာကလည်းမပြောပါနဲ့တော့....မောလို့သောက်၊သောက်လို့မောနဲ့ လုံးချာလည်နေတဲ့ကျွန်မ...ဘုရားကြီးကိုလိုက်ရှာကြည့်ရတာလည်း အမောပါပဲ... ရောက်ဖို့နီးလာပြီလားလို့ပါ... :P

အဲ...အချိန်ကတော့ ၁၀ နာရီလောက်ရှိပါပြီ...နေကလည်းပူစပြုပြီမို့ ပိုပြီးတော့လည်း ပင်ပန်းလာပါတယ်...၁၂နာရီမထိုးခင် တောင်ပေါ်ရောက်အောင် တက်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချခဲ့ပါတယ်.... ကွန်ကရစ်လမ်းဆုံးတဲ့အခါမှာတော့ ဆိုင်တန်းလေးတွေ ကာရံထားတဲ့ မြေလှေကားထစ်တွေကို ဆက်တက်ရပါတယ်.... အဲ့ဒီမှာတော့ ဒေသထွက်ဆေးဖက်ဝင် အကောင်တွေရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေ၊ တောသစ်ခွပင်တွေကို ရောင်းတာတွေ့ရပါတယ်... မြေလှေကားထစ်တွေကို မိနစ်၃၀လောက်တက်ပြီးတဲ့အခါ အလှူခံတဲ့အနေရာကိုတွေ့ပါတယ်... အဲ့ဒီကနေ ဘယ်ဖက်ကိုကွေ့လိုက်တယ်ဆိုရင်ပဲ ဘုရားအဆင်းက တည်းခိုခန်းတွေရှိတဲ့ လမ်းလေးပေါ်ကိုရောက်ခဲ့ပါတယ်...

ဘုရားအတက်မှာတော့ ကျွန်မတို့ထမီကိုဝတ်ရပါတယ်...ကျွန်မတို့ဆိုတာမိန်းကလေးတွေကိုပြောတာပါ... ဘာလို့လည်းဆိုတော့ မိန်းကလေးတွေ ဘောင်းဘီနဲ့ဘုရားပေါ်တက်လို့မရလို့ပါပဲ.... အဲ..ရင်ပြင်တော်ပေါ်မှာ အထမ်းသယ်တဲ့ အဒေါ်ကြီးကိုတွေ့ပါတယ်... သူ့ဆီက ကျောပိုးအိပ်တွေကို ရွေးပြီးတဲ့အခါမှာတော့ တည်းခိုရမယ့် ရိပ်သာဆီကိုပြေးကြပါတယ်... အဲ့ဒီအချိန်ကျွန်မခေါင်းထဲမှာ တစ်ခုပဲရှိပါတယ်... အိပ်ရဖို့ပါပဲ.... :P

ပစ္စည်းတွေကို နေရာချပြီးတဲ့အခါ ကျွန်မအိပ်လို့မရသေးပါဘူး... အိမ်ကိုရောက်ကြောင်း သတင်းပို့ရပါဦးမယ်...အဲ့ဒါနဲ့...ဖုန်းခေါ်ဖို့ကြိုးစားတော့ ဧရိယာပြင်ပတဲ့... :P အဲ့ဒါနဲ့ပဲ မထွက်ချင်ထွက်ချင်နဲ့ နေပူထဲကို ထွက်ခဲ့ရပြန်ပါတယ်.... ဖုန်းခတွေဘယ်လောက် ရှိမှန်းမသိတဲ့ ကျွန်မ ၃မိနစ်ကို ၁၀၀၀ပေးပြီးဆက်ခဲ့ပါတယ်.... ပြီးတော့အောက်ဆင်းပြီး ထမင်းစားကြပါသေးတယ်...ဗိုက်တွေကဆာလှပြီ မဟုတ်လား... :P ရိပ်သာကိုပြန်ရောက်တော့ ခဏနား၊ဆေးသောက်ပြီး အိပ်ဖို့ပြင်ပါတယ်.....ဘေးမှာတော့ သင်းသင်းလှိုင်က စာအုပ်ဖတ်ရင်း စကားလာပြောနေပါတယ်...... ဒါပေမယ့်ပင်ပန်းနေတဲ့ကျွန်မ ကြားတစ်ဝက် မကြားတစ်ဝက်နဲ့ အိပ်ပြောသွားပါတော့တယ် :P

အိပ်ရာကနိုးတော့ ၄နာရီလောက်ရှိပါပြီ....ဗိုက်ကလည်းဆာစ ပြုပြီ်မို့ အိပ်ရာကထပြီး စားစရာရှာပါတယ်..... တော်ပါသေးတယ်...မနေ့က အာလူးကြော်တွေကျန်သေးလို့.... :P ဆူညံတဲ့ အသံတွေကြောင့် နိုးလာတဲ့သူငယ်ချင်းတွေကိုလည်း အားနာမိပါတယ်.....ဟီးဟီး
ရေချိုးပြီးတဲ့အခါ မှာတော့ လန်းဆန်းသွားပြီမို့ အပြင်ဖက်ကိုလျှောက်ကြည့်ပါတယ်....တစ်ဖက်ခန်းက ကာလနဂါးမင်းတွေကလည်း မနိုးကြသေးဘူးလေ.....ပြတင်းပေါက်ကနေကြည့်လိုက်တော့ တောင်နံရံကိုအမှီပြုပြီး ဆောက်ထားတဲ့ တည်းခိုခန်းလေးတွေကို တွေ့ပါတယ်.... ဟိုဖက်တောင်လေးတွေ ပေါ်မှာတော့စေတီလေးတွေက ညနေခင်းနေရောင်အောက်မှာ ကြည်ညိုစရာ ကောင်းနေခဲ့ပါတယ်....

အားလုံးနိုးတဲ့အခါ ညစာသွားစားဖို့ပြင်ကြပါတယ်.... ညစာမစားခင် ဘုရားကိုအရင် ဦးသွားချပါကြပါတယ်... နေ့ခင်းကပုဆိန်ပေါက် ပေါက်ခဲ့လို့ပါ... :P ညစာကို AK ကကျွေးပါတယ်.... ဗိုက်ဆာဆာနဲ့မို့ တော်တော်အရသာရှိပါတယ်.... :P ပြီးတော့ စောင်းတန်းက ဆိုင်ခန်းလေးတွေကို လိုက်ကြည့်ပါတယ်.... ဆိုင်တွေကဈေးအမျိုးမျိုးနဲ့မို့ သေချာကြည့်ပြီးဝယ်ရပါတယ်.... ဈေးမစစ်တတ်တဲ့ ကျွန်မအတွက် တကယ်စိတ်ညစ်စရာပါ.... မ၀ယ်ဘဲပြန်ထွက်ခဲ့ရတာကများလို့ ဆိုင်ရှင်တွေကမကြည်ပါဘူး... နောက်ဆုံး အပေါ်နားကဆိုင်မှာ T-shirt တစ်ထည်ကို ၁၉၀၀ နဲ့ဝယ်ခဲ့ပါတယ်.... အဲ့ T-shirt ကပုံလေးကိုကြိုက်လို့ပါ....ကျိုက်ထီးရိုးဂျစ်ပစီပုံလေးပါ...... ပြီးတော့ အဲ့ဒီ T-shirt ကို ဂျစ်ပစီလေးတစ်ယောက်ကို လက်ဆောင်ပေးခဲ့ပါတယ်..... :P

ပြီးတော့ ကျွန်မတို့တွေရင်ပြင်တော်ပေါ်မှာ လမ်းလျှောက်ကြပါတယ်.... ထိုင်ပြီးရှူ့ခင်းကြည့်လို့ရတဲ့ နေရာလေးမှာ ခဏနားပြီး ဓာတ်ပုံရိုက်ကြပါသေးတယ်.... လေတိုက်တာကြောင့် တော်တော်လည်းအေးပါတယ်... အဲ့ဒီနေရာကနေကျွန်မတို့ မနက်ကတက်လာခဲ့တဲ့ ရသေ့တောင် စခန်းက မီးလေးတွေကို လှမ်းမြင်ရပါတယ်....ပြီးတော့ ဘာသာတရားနဲ့ယုံကြည်မှုအပေါ် ကျွန်မတို့ရဲ့အမြင်တွေကို ဆွေးနွေးခဲ့ကြပါသေးတယ်...... ၁၀နာရီ လောက်မှာတော့ ရင်ပြင်တော်ပေါ်ကနေ ပြန်လာခဲ့ကြပါတယ်..... ဘာလို့လည်းဆိုတော့ မနက်ဖြန်ဟာပိုပင်ပန်းမယ့်နေ့ဆိုတာ သိနေလို့ပါပဲ...... အာရုံဆွမ်းကပ်ရဦးမယ့်အပြင် ကျောက်ထပ်ကြီးသွားဖို့ကိုပါ တိုင်ပင်ထားကြပါသေးတယ်... တစ်နေ့တာလုပ်ခဲ့တာတွေနဲ့ မနက်လုပ်ရမှာတွေကို စဉ်းစားပြီးချိန်မှာတော့ ကျွန်မရဲ့မျက်လုံးတွေဟာ အနားယူသွားခဲ့ပါပြီ......
မွန်ပြည်နယ်ကို တစ်ခါမှခြေမချဖူးသေးတဲ့ကျွန်မ အလွန်ပဲ စိတ်လှုပ်ရှားခဲ့ပါတယ်.... ပြီးတော့ဒီခရီးက ကျွန်မရဲ့ပထမဆုံး သူငယ်ချင်းတွေနဲ့ ထွက်ဖြစ်ခဲ့တဲ့ ခရီးစဉ်လေးလည်းဖြစ်ပါတယ်....
ကျွန်မတို့ရဲ့ ခရီးစဉ်လေးကို ၂၀၀၉ခု ဖေဖော်ဝါရီလ ၂၃ရက်နေ့ ည၉ နာရီ ၃၀မှာစတင်ခဲ့ပါတယ်....

------------------- ************* ------------------
(အတက်လမ်း...)

ကျောင်းသားတွေ စာမေးပွဲကာလမို့ ဘုရားဖူးကားပေါ်မှာ လူအတော်ရှင်းပါတယ်.... မှတ်မိသလောက်တော့ တစ်ဝက် သာသာလောက်ပဲရှိပါတယ်... ကျွန်မတို့အဖွဲ့က ၇ ယောက်ဖြစ်လို့ နှစ်ယောက်စီခွဲထိုင်ကြတဲ့အခါ အလိုက်အသိဆုံး ကျွန်မတို့ရဲ့အကိုကြီးက တစ်ယောက်တည်းသွားထိုင်ပေးပါတယ်.... (သူက အကောင်ကြီးတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်ဘူးလေ... :P ) ရန်ကုန်မြို့အစွန် ပဲခူးတိုင်းအစပ်က ထောက်ကြန့်မြို့ကိုရောက်တော့ ၁၀နာရီ ၃၀လောက်ရှိပါပြီ လူတွေအတော်များများအိပ်ကြပြီဖြစ်လို့ လမ်းကတော်တော်ရှင်းနေခဲ့ပါတယ်...

မတွေ့ရတာကြာပြီ ဆိုတော့လဲ စကားတွေပြောလိုက်ကြတာ ပဲခူးရောက်သွားတာတောင် မသိလိုက်ပါဘူး..အဲ..မိုးပြည့်ကတော့ သံဗ္ဗုဒ္ဓေပဲ ရွတ်နေတယ်ထင်ပါတယ်... သူ့ကတိအတိုင်းပေါ့.... :P ပဲခူးမြို့အ၀င်က စားသောက်ဆိုင်မှာ ခဏနားကြတော့ ၁၁နာရီတောင်ကျော်နေပါပြီ... အိမ်ကဘာမှမကျွေးလိုက်ဘူးဆိုတော့လည်း မိုးပြည့်မေမေ ထည့်ပေးလိုက်တဲ့ ကြာဇံကြော်တွေကို အားနာနာနဲ့ တစ်ဝတစ်ပြဲ စားကြပါတယ်.... :P ပြီးတော့ ဓာတ်ပုံလည်းရိုက်ကြပါသေးတယ်.... ပဲခူးကနေထွက်တဲ့အချိန်ကနေပြီး တောက်လျှောက်မောင်းလိုက်တာ ၂ နာရီထိုးခါနီးမှာ ကျိုက်ထီးရိုးတောင်ခြေက ကင်ပွန်းစခန်းကိုရောက်ခဲ့ပါတယ်....

ဖေဖော်ဝါရီလကုန်ခါနီးပေမယ့် အဲ့ဒီမှာရာသီတုက အတော်အေးပါတယ်.... မေမေအမျှော်အမြင်ကြီးစွာထည့်ပေးလိုက်တဲ့ မာဖလာလေးနဲ့ အနွေးထည်လေးရဲ့တန်ဖိုးကို အဲ့ဒီတော့မှ ပိုပြီးနားလည်သွားပါတယ်...တောင်ပေါ်တက်တဲ့ကားက မနက် ၆း၀၀ နာရီမှ ဖွင့်မှာမို့ အခန်းတစ်ခန်းတော့ ငှားမှပဲလို့တိုင်ပင်ပြီး ၃၀၀၀နဲ့ အခန်းတစ်ခန်းငှားကြပါတယ်... တစ်ကယ်တော့ အခန်းလို့သာပြောတာ အခန်းလေးက ၆ပေ ပတ်လည် လောက်သာရှိတာမို့ လူအားလုံးဝင်ဆန့်ဖို့အတော် မလွယ်ပါဘူး.... အဲဒီအပြင် ပေါက်နေတဲ့သစ်သားကြားထဲက လေကတိုးပါသေးတယ်.... အဲ့ဒါနဲ့ အားလုံးအိပ်မရတဲ့အဆုံး တက်ကြွစွာနဲ့ ဖဲထိုင်ချကြပါတယ်....

အဲ့ဒါလည်း ကြာရှည်မခံပါဘူး... ဘာလို့လဲဆိုတော့ လူတွေများလွန်းပြီး အသက်ရှူကျပ်လာလို့ပါပဲ... ဒါကြောင့် အိပ်ချင်နေတဲ့သူတွေကို အိပ်ခိုင်းပြီး အပြင်မှာထွက်ထိုင်ကြပါတယ်... ဒါပေမယ့်လည်း ခဏကြာတော့လူတွေက ငိုက်လာကြပါတယ်... အချိန်က ၃း၀၀ နာရီလောက်ရှိပါပြီ... အဲ့ဒါနဲ့ ဖူးဖူးတို့က လမ်းလျှောက်ထွက်ကြပါတယ်... ကျွန်မကတော့အိပ်ချင်နေတာနဲ့ပဲ အခန်းငှားတဲ့ဆိုင်က စားပွဲတွေမှာ သွားအိပ်ဖို့ကြိုးစားပါတယ်... ဒါပေမယ့်အေးလည်းအေး ခြင်ကလည်းတွယ်တာကြောင့် စိတ်ရှုတ်ရှုတ်နဲ့ပဲ တစ်ယောက်တည်း လမ်းလျှောက်ထွက်ခဲ့ပါတယ်...

မီးကမှောင်မှောင်နဲ့ ကိုယ်မရောက်ဖူးတဲ့နေရာမို့လို့ သိပ်အဝေးကြီးလည်း မသွားရဲပါဘူး.... ဒီကြားထဲ လမ်းဘေးကအိပ်နေတဲ့ ခွေးတွေကလည်း ခဏခဏခေါင်းထောင်ကြည့်တာကြောင့် ကြောက်ကြောက်နဲ့ပြန်ပြေးခဲ့ပါတယ်...ပြီးတော့ ဆိုင်ထဲက စားပွဲမှာသွားထိုင်ပြီး အိပ်ဖို့ကြိုးစားပြန်ပါတယ်... ဆိုင်က စားပွဲထိုးကောင်မလေးတွေကတော့ အကျင့်ဖြစ်နေလို့ထင်ပါတယ်...ချမ်းချမ်းအေးအေး ထဲမှာပဲတိုးဝှေ့ပြီး အိပ်နေကြပါတယ်...

၅ နာရီ ၃၀ လောက်ကြတော့ အိပ်နေတဲ့သူတွေလည်းနိုးလာပါပြီ... အဲ့ဒါနဲ့ ကျွန်မလည်း မျက်နှာသစ်ဖို့ ဆိုင်အနောက်ဖက်က ရေချိုးခန်းတွေရှိတဲ့ ဆီကိုထွက်လာခဲ့ပါတယ်... ဖူးဖူးတို့လည်းလိုက်လာကြတာနဲ့ သူငယ်ချင်းတွေပျော်ရွှင်စွာနဲ့ မျက်နှာသစ်ကြပါတယ်....
ပြီးတော့ ညကကျန်တဲ့ ကြာဇံကြော်နဲ့ ဆိုင်ကကော်ဖီပူပူကိုသောက်ကြပါတယ်... အဲ့တော့မှပဲ လူလည်း နွေးနွေးထွေးထွေး ဖြစ်သွားပါတယ်...ပြီးတော့တောင်ပေါ်ကိုခရီးဆက်ဖို့ ပြင်ကြပါတယ်...

တောင်ပေါ်ဆိုပေမယ့် လိုင်းကားတွေက ရသေ့တောင်အထိပဲရောက်ပါတယ်... အရင်ကတော့ အပေါ်အထိ တက်ခွင့်ပေးတယ်လို့ ဆိုပါတယ်.. ဒါပေမယ့်နောက်ပိုင်း ကားတွေမှောက်လွန်းလို့ တက်ခွင့်မပေးတော့ဘူးလို့ သိရပါတယ်... ၆ နာရီကျော်ကျော် လေးသာရှိသေးပေမယ့် လိုင်းကားစီးတဲ့ဆီမှာတော့ လူတော်တော်ရှုတ်ပါတယ်... နေပူရင် တက်လို့မကောင်းလို့စောစော သွားကြတာလည်း ပါပါတယ်... ကားခကတစ်ယောက်ကို ၁၅၀၀ ပေးရပြီး တစ်တန်းကို ၆ယောက်ထိုင်ရတော့ ကျပ်နေတာပါပဲ....ဒါတောင်မှကားက တော်တော်နဲ့မထွက်ပါဘူး... ဘာလို့လဲဆိုတော့နောက်ဆုံးတန်းမှာ တစ်ယောက်စာလိုနေလို့ပါတဲ့... အဲ့ဒါနဲ့ သည်းမခံနိုင်တဲ့အဆုံး ak က အဲဒီတစ်ယောက်စာသူပေးမယ်ဆိုပြီး ကားကိုထွက်ခိုင်းပါတယ်....

ကားကြီးတွေကတော်တော်ကြီးပါတယ်... ပြီးတော့ အမိုးဖွင့်ထားလို့ လေတဖြူးဖြူးနဲ့ စီးရတာတော်တော်ကောင်းပါတယ်.... တောတောင်ရှု့ခင်းတွေက လည်းတော်တော်သာယာပါတယ်....မိနစ်၂၀လောက်ကြာတော့ ကားကခဏရပ်ပါသေးတယ်... အဆင်းကားတွေကိုစောင့်ရလို့ ဖြစ်ပါတယ်...အဲ့ဒီမှာပဲ စပါယ်ယာက ကားခကောက်ပါတယ်.... အဲ့ဒီစခန်းလေးရဲ့ဘေးမှာ တောင်ပေါ်ကစီးကျလာတဲ့ ရေတံခွန်လေးလည်း ရှိပါတယ်....စိတ်ကြည်နူးစရာပါပဲ....

အဆင်းကားတွေ ပြီးသွားတဲ့အခါ အတက်ကားတွေ စတက်ကြပါတယ်... လမ်းတွေကပိုမတ်လာပြီး တောကလည်းပိုနက်လာပါတယ်.... ကျွန်မတို့တစ်တွေကားပေါ်မှာ အပူအပင်ကင်းစွာနဲ့ RP ကအကြောင်းတွေတောင်ပြောဖြစ်ကြပါသေးတယ်....အဲ့ဒီလိုနဲ့ ရသေ့တောင်ကို ရောက်ခဲ့ပါတော့တယ်...



"This is home..... truly, where I know I must be
Where my dreams wait for me, where that river always flows
This is home..... surely, as my senses tell me
This is where... I won't be alone,..... for this is where I know it's home............"

အထက်က lyric လေးဟာ တကယ်တော့ Singapore ရဲ့ National Day အတွက်စပ်ဆိုထားတဲ့ This Is Home ဆိုတဲ့သီချင်းလေးထဲက အပိုင်းလေးတစ်ပိုင်းဖြစ်ပါတယ်။

လူတိုင်းမှာ အိမ်ဆိုတာရှိကြပါတယ်။ မရှိတော့ရင်တောင် ရှိခဲ့ကြပါတယ်... ပြီးတော့အိမ်ထက်ကောင်းတဲ့နေရာလည်း မရှိဘူးလို့ယုံကြည်ကြပါတယ်... ဘာလို့လဲဆိုတော့ အိမ်မှာကိုယ့်ရဲ့လိုအပ်သမျှကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ့် အဖေနဲ့ ပူဆာသမျှကို နားထောင်ပေမယ့် အမေရှိလို့ပါပဲ... သူတို့အဝေးတစ်နေရာ ရောက်နေရင်တောင်မှ သူတို့ရဲ့မေတ္တာတွေကြောင့် အိမ်ဟာနွေးထွေးနေတတ်ပါတယ်...

အဲ့ဒီလိုပါပဲ လူသားတိုင်းရဲ့ဘ၀မှာ motherland လို့ခေါ်တဲ့ အမိမြေဆိုတာရှိပါတယ်... ကိုယ့်ရဲ့အမိမြေဆိုတာ ကိုယ့်ရဲ့ဘိုးဘွားတွေ နေထိုင်ကြီးပြင်းခဲ့ရာ ကျွန်တော်ကျွန်မတို့ မွေးဖွားကြီးပြင်းခဲ့ရာဇာတိမြေသာ ဖြစ်ပါတယ်.. ကိုယ့်ရဲ့ဇာတိမြေဟာ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ တိုးတက်သည်ဖြစ်စေ မတိုးတက်သည်ဖြစ်စေ ဇာတိမြေထက်ကောင်းတဲ့နေရာ ကျွန်မတို့မှာမရှိပါဘူး..တစ်ပါးနိုင်ငံမှာ ဘယ်လောက်ပဲချမ်းသာစွာနေရပါစေ ကျွန်မတို့ဟာ တစ်ကယ်တော့ ဒုတိယနေရာမှာပဲရှိပါတယ်...ဘာလို့လဲဆိုတော့ သူ့မှာလည်း သူ့နိုင်ငံသားတွေရှိလို့ပါပဲ....

ကျွန်မလည်း အမိမြေမှာနေတုန်းက အမိမြေရဲ့တန်ဖိုးကို မသိခဲ့ပါဘူး
အခုအဝေးတစ်မြေရောက်တော့မှ အမိမြေရဲ့တန်ဖိုးကို ပိုပိုပြီးနားလည်လာရပါတယ်.....ပိုပိုပြီးနားလည်လာလေလေ ပိုပိုပြီးလွမ်းလေလေပါပဲ...... ဒီနေရာရဲ့ လူနေမှု့အဆင့်အတန်း အပေါ်မှာသာယာမိမှုကိုလဲ ကျွန်မ မငြင်းပါဘူး..... တစ်ဆက်တည်းမှာပဲ ပိုက်ဆံရှိရင် ဘာမဆိုရနိုင်တဲ့ ဘ၀ကိုလည်း ပုထုဇဉ်တစ်ယောက်အနေနဲ့ ခင်တွယ်မိပါတယ်... ဒါပေမယ့်လေ... ကျွန်မရဲ့အမိမြေက တောတောင်တွေ၊ သဘာဝရှု့ခင်းတွေ၊ ကိုသတိရနေတုန်းပါပဲ....ကမ္ဘာပေါ်ကအစားအစာမျိုးစုံကို ရနိုင်တဲ့နေရာမှာ ကျွန်မရဲ့အမိမြေက ရိုးရှင်းတဲ့ အစားအစာလေးတွေကို သတိရမိတာဟာလည်း အမိမြေရဲ့ လွှမ်းမိုးမှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်... လူတိုင်းလည်းအနည်းနဲ့အများတော့ ခံစားရလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်...

အခုချိန်မှာတော့ "ပျော်ရာမှာမနေရ တော်ရာမှာနေရမယ်" ဆိုတဲ့စကားလေးအတိုင်း ရှင်သန်နေရအုံးမှာပါပဲ.... ထိုအတူပဲ မိုးပြာရောင်ကောင်းကင်ကြီးအောက်က မြစိမ်းရောင်လယ်ကွင်းတွေနဲ့ ကျွန်မရဲ့အမိမြေကိုလည်း အခါသင့်တိုင်း သတိရနေမိပါတယ်......

------------- *********** ---------------
Face to face and a thousand miles apart
I've tried my best to make you see
There's hope beyond the pain
If we give enough
If we learn to trust

But only love can stay
Try again or walk away .......


မျက်ရည်မကျတတ်သော သူတစ်ယောက်သို့.... အမှတ်တရ.....






11:11pm..... သူငယ်ချင်းတစ်ယောက်ကပြောခဲ့ဖူးတယ်.... အဲ့ဒီအချိန်လေးကိုတွေ့ရင် ဒီကမ္ဘာပေါ်မှာကိုယ့်ကို သတိရနေတဲ့သူတစ်ယောက် ရှိတယ်တဲ့.... ကလေးဆန်တယ်ပဲပြောပြော ရီစရာကောင်းတယ်လို့ပဲဆိုဆို အဲ့ဒီနာရီလေးကိုတွေရရင် စိတ်ထဲကကြည်နူးမိတာအမှန်ပါ....

ဘယ်သူမှ ဘယ်သူ့အနားမှာ အမြဲမနေနိုင်ဘူးတဲ့.... အတော်မှန်တဲ့စကားလေးပါ... ဒါပေမယ့်လက်တွေ့မှာ စကားလေးရဲ့အဓိပ္ပါယ်အတိုင်း လက်ခံနိုင်ဖို့ရာ တော်တော်မလွယ်ပါဘူး... မောင်နှမနည်းပြီး ၀န်ထမ်းမိဘတွေရဲ့သမီးဖြစ်လာတဲ့ ကျွန်မဘ၀မှာ တစ်ယောက်တည်း နေရတယ်ဆိုတာ တစ်ကယ်တမ်းတော့ အဆန်းမဟုတ်ပါဘူး...ဒါပေမယ့်တစ်ခါတစ်လေတော့ တိတ်တိတ်လေး
ဝမ်းနည်းမိပါတယ်....ဘာလို့်ငါကြမှ တစ်ယောက်တည်းနေရတာလဲပေါ့.... တစ်ခါတစ်လေတော့လည်း သူတို့တွေရဲ့အခက်အခဲကို နားလည်တဲ့စိတ်နဲ့ပဲ အားတင်းမိပြန်ပါတယ်... ငါ့ဘေးနားမှာသူတို့ ရှိမနေနိုင်ပေမယ့် သူတို့နှလုံးသားထဲမှာ ငါအမြဲရှိနေမှာပါလို့ ယုံကြည်ပြီးတော့ပေါ့....

သူတို့ဂုဏ်ယူရတဲ့သူ တစ်ယောက်ဖြစ်အောင်လည်း အတတ်နိုင်ဆုံးကြိုးစားပေးခဲ့ပါတယ်.... သူတို့မှီခိုနိုင်တဲ့သူတစ်ယောက် ဖြစ်အောင်လည်း အတတ်နိုင်ဆုံးကြိုးစားနေပါတယ်.....အဝေးတစ်မြေခြားကို သွားရမယ့်သမီးကို လေဆိပ်လေးတောင်လိုက်မပို့ဘူးလို့ ကျွန်မအခုချိန်မှာအပြစ်တင်တော့မှာမဟုတ်တော့ပါဘူး.... ဘာလို့လဲဆိုတော့ သူတို့ကျွန်မကိုပေးခဲ့တာတွေအတွက် နားလည်ခဲ့လို့ပါပဲ...
သူတို့တျွန်မဘေးနားမှာမရှိပေမယ့် တစ်ခါတစ်လေအသံလေးကိုတောင်ကြားခွင့်မရှိပေမယ့် အတိတ်ကပုံရိပ်တွေနဲ့ ကျွန်မရဲ့နှလုံးသားကတော့ နွေးထွေးနေဆဲပါပဲ...


အခုချိန်မှာတော့ ဖြစ်ချင်တာထက်ဖြစ်သင့်တာကိုဦးစားပေးရမယ် ဆိုတဲ့စကားကိုလည်း ကောင်းကောင်းနားလည်နေပါပြီ...ဘယ်အချိန်မှာလုပ်ချင်တာကို လုပ်ခွင့်ရှိမယ်ဆိုတာ မသေချာပေမယ့် အရင်ကထက်စာရင်နီးလာပြီလို့ ယုံကြည်နေပါတယ်....တစ်ချိန်တည်းမှာပဲ စီးကျလာတဲ့မျက်ရည်တွေကို သုတ်ပြစ်ရင်း မပြောတော့မယ့် စကားလုံးတွေကို ထွက်သက်အဖြစ် ရှိုက်ထုတ်လိုက်မိပါတယ်.....

P.S "သမီးကိုအမြဲယုံတယ်နော်" လို့ပြောခဲ့တဲ့ ကမ္ဘာမြေတစ်နေရာက ဖေဖေနှင့်မေမေသို့.......