ဘ၀တစ်ခုရဲ့ ပျော်ရွှင်မှုဆိုတာ ဘာလဲ...? တစ်စုံတစ်ယောက်ကိုမေးလိုက်ချင်ပါရဲ့...... ဆုံးရှုံးမှုနဲ့ ပိုင်ဆိုင်ခြင်းတွေကရော..? လိုအပ်ချက်နဲ့ ပြည့်စုံခြင်းတို့ရဲ့ကြားက ကွာဟမှုကို ဘယ်သူဖြေရှင်းပေးနိုင်ပါ့မလဲ... လိုချင်ရက်နဲ့ မတောင်းရက်ခဲ့တာကို သတ္တိမရှိဘူးလို့ဘဲပြောရမလား စွန့်လွှတ်လိုက်တာလို့ပဲ ဖြေသိမ့်ရမလား.... တန်ဖိုးထားခဲ့ရတဲ့ အရာတစ်ခုဆုံးရှုံးသွားမှာကို သိရက်နဲ့လက်လွှတ်ခဲ့တာဟာ မိုက်မဲမှုတစ်ခုပဲလား... တစ်ခုခုကိုပိုင်ဆိုင်ဖို့ တစ်ခုခုကိုစွန့်လွှတ်ရတာ သဘာဝကျမှန်းသိပေမယ့် ရင်ထဲကနာကျင်မှုကို ရှောင်လွှဲဖို့တော့ မတတ်နိုင်သေးဘူး... အတိတ်ကိုအမှီပြုပြီးမနေချင်ပါဘူး ဒါပေမယ့် ခါးသက်လှတဲ့မျက်မှောက်စစ်ပွဲမှာတော့ အတိတ်ကပျော်ရွှင်မှုလေးတွေဟာ ဓါးတစ်ချောင်းကိုင်ထားရသလိုပဲ အားရှိစေတယ်...
ရရှိလာတဲ့ဆုလာဘ်တွေကို မြင်လွယ်ပေမယ့် စွန့်လွှတ်ခဲ့ရခြင်းတွေကိုတော့ လူတိုင်းနားမလည်နိုင်ပါဘူး...နောင်တတရားနဲ့ မရှင်သန်ချင်ဘူး...ဒါပေမယ့် ပိုင်ဆိုင်ခဲ့ခြင်းတွေရဲ့နောက်က ကျခဲ့ရတဲ့မျက်ရည်နဲ့ တိတ်တဆိတ်နောင်တတွေကို နားလည်ပေနိုင်မယ့်လူတစ်ယောက်ကိုတော့ တောင့်တမိပါရဲ့.....

4 comments:

AUNG said...
This comment has been removed by a blog administrator.
Anonymous said...

ဘယ်လို ရအောင်လုပ်ပေးမှာလဲဟင်...
စိတ်ဝင်စားစရာဘဲ....
LOL.....

Shwe Yee Phyo said...

ဟုတ်တယ်.. သိပ်မှန်တာပဲ.. “ရရှိလာတဲ့ဆုလာဘ်တွေကို မြင်လွယ်ပေမယ့် စွန့်လွှတ်ခဲ့ရခြင်းတွေကိုတော့ လူတိုင်းနားမလည်နိုင်ပါဘူး” ဆိုတာလေ...

Paing Hein said...

ကောင်းပါတယ်။