"This is home..... truly, where I know I must be
Where my dreams wait for me, where that river always flows
This is home..... surely, as my senses tell me
This is where... I won't be alone,..... for this is where I know it's home............"

အထက်က lyric လေးဟာ တကယ်တော့ Singapore ရဲ့ National Day အတွက်စပ်ဆိုထားတဲ့ This Is Home ဆိုတဲ့သီချင်းလေးထဲက အပိုင်းလေးတစ်ပိုင်းဖြစ်ပါတယ်။

လူတိုင်းမှာ အိမ်ဆိုတာရှိကြပါတယ်။ မရှိတော့ရင်တောင် ရှိခဲ့ကြပါတယ်... ပြီးတော့အိမ်ထက်ကောင်းတဲ့နေရာလည်း မရှိဘူးလို့ယုံကြည်ကြပါတယ်... ဘာလို့လဲဆိုတော့ အိမ်မှာကိုယ့်ရဲ့လိုအပ်သမျှကို အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးမယ့် အဖေနဲ့ ပူဆာသမျှကို နားထောင်ပေမယ့် အမေရှိလို့ပါပဲ... သူတို့အဝေးတစ်နေရာ ရောက်နေရင်တောင်မှ သူတို့ရဲ့မေတ္တာတွေကြောင့် အိမ်ဟာနွေးထွေးနေတတ်ပါတယ်...

အဲ့ဒီလိုပါပဲ လူသားတိုင်းရဲ့ဘ၀မှာ motherland လို့ခေါ်တဲ့ အမိမြေဆိုတာရှိပါတယ်... ကိုယ့်ရဲ့အမိမြေဆိုတာ ကိုယ့်ရဲ့ဘိုးဘွားတွေ နေထိုင်ကြီးပြင်းခဲ့ရာ ကျွန်တော်ကျွန်မတို့ မွေးဖွားကြီးပြင်းခဲ့ရာဇာတိမြေသာ ဖြစ်ပါတယ်.. ကိုယ့်ရဲ့ဇာတိမြေဟာ ချမ်းသာသည်ဖြစ်စေ ဆင်းရဲသည်ဖြစ်စေ၊ တိုးတက်သည်ဖြစ်စေ မတိုးတက်သည်ဖြစ်စေ ဇာတိမြေထက်ကောင်းတဲ့နေရာ ကျွန်မတို့မှာမရှိပါဘူး..တစ်ပါးနိုင်ငံမှာ ဘယ်လောက်ပဲချမ်းသာစွာနေရပါစေ ကျွန်မတို့ဟာ တစ်ကယ်တော့ ဒုတိယနေရာမှာပဲရှိပါတယ်...ဘာလို့လဲဆိုတော့ သူ့မှာလည်း သူ့နိုင်ငံသားတွေရှိလို့ပါပဲ....

ကျွန်မလည်း အမိမြေမှာနေတုန်းက အမိမြေရဲ့တန်ဖိုးကို မသိခဲ့ပါဘူး
အခုအဝေးတစ်မြေရောက်တော့မှ အမိမြေရဲ့တန်ဖိုးကို ပိုပိုပြီးနားလည်လာရပါတယ်.....ပိုပိုပြီးနားလည်လာလေလေ ပိုပိုပြီးလွမ်းလေလေပါပဲ...... ဒီနေရာရဲ့ လူနေမှု့အဆင့်အတန်း အပေါ်မှာသာယာမိမှုကိုလဲ ကျွန်မ မငြင်းပါဘူး..... တစ်ဆက်တည်းမှာပဲ ပိုက်ဆံရှိရင် ဘာမဆိုရနိုင်တဲ့ ဘ၀ကိုလည်း ပုထုဇဉ်တစ်ယောက်အနေနဲ့ ခင်တွယ်မိပါတယ်... ဒါပေမယ့်လေ... ကျွန်မရဲ့အမိမြေက တောတောင်တွေ၊ သဘာဝရှု့ခင်းတွေ၊ ကိုသတိရနေတုန်းပါပဲ....ကမ္ဘာပေါ်ကအစားအစာမျိုးစုံကို ရနိုင်တဲ့နေရာမှာ ကျွန်မရဲ့အမိမြေက ရိုးရှင်းတဲ့ အစားအစာလေးတွေကို သတိရမိတာဟာလည်း အမိမြေရဲ့ လွှမ်းမိုးမှုတစ်ခုလည်း ဖြစ်နိုင်ပါတယ်... လူတိုင်းလည်းအနည်းနဲ့အများတော့ ခံစားရလိမ့်မယ်လို့ ကျွန်မယုံကြည်ပါတယ်...

အခုချိန်မှာတော့ "ပျော်ရာမှာမနေရ တော်ရာမှာနေရမယ်" ဆိုတဲ့စကားလေးအတိုင်း ရှင်သန်နေရအုံးမှာပါပဲ.... ထိုအတူပဲ မိုးပြာရောင်ကောင်းကင်ကြီးအောက်က မြစိမ်းရောင်လယ်ကွင်းတွေနဲ့ ကျွန်မရဲ့အမိမြေကိုလည်း အခါသင့်တိုင်း သတိရနေမိပါတယ်......

4 comments:

Shwe Yee Phyo said...

ကျနော်ကတော့ လျှပ်စစ်မီးရောင် ထိန်လင်းနေတဲ့ညတွေထက် ကြယ်တွေရဲ့အလင်းရောင်ကို ခံစားနိုင်တဲ့ညတွေကို ပိုမြတ်နိုးတယ်..။
ကွန်ကရစ်လမ်းတွေ၊ ကတ္တရာလမ်းမတွေထက် မြေနီနီလမ်းလေးကို ပိုနှစ်သက်တယ်..။
မိုးသံကို မကြားနိုင်လောက်အောင် ခိုင်ခံ့လုံခြုံတဲ့ နေရာထက် မိုးရွာသံတဖြောက်ဖြောက် ကြားရတဲ့နေရာကို ပိုခင်တွယ်တယ်..။ အခြေအနေပေးရင်တော့ အဲလိုနေရာမျိုးမှာ ခဏဖြစ်ဖြစ် သွားနေချင်သေးတယ်..။

hehe .. comment က ရှည်သွားပြီ.. ^-^

Khin Thiri Min said...

haha.. comment ရှည်ရှည်အတွက် ကျေးဇူးတင်ပါတယ်ရှင့်... :P

Paing Hein said...

ဘာပဲပြောပြော လူတိုင်းအိမ်ကို လွမ်းတတ်ကြမှာပဲ။ ဒါပေမယ့် နွေးထွေးလုံခြုံတယ် လို့ ခံစားရတဲ့နေရာတိုင်းကို အိမ်ရယ်လို့ သဘောထားလို့ မရနိုင်ဘူးလား။ ဘ၀ ဆိုတာ နှစ်သက် သလိုနေလို့တော့ မရနိုင် ပါဘူးလေ။

Khin Thiri Min said...

အင်း... comment ပေးတာ တိုးတက်လာပြီ... ကြိုးစားထား... :P